လွယ်​လွယ်​နဲ့ မြန်​မြန်ဥာဏ်​ရည်​တက်​ဖို့လုပ်​နိုင်​တဲ့အရာ​တွေ

Loading...

လွယ်​လွယ်​နဲ့ မြန်​မြန်ဥာဏ်​ရည်​တက်​ဖို့လုပ်​နိုင်​တဲ့အရာ​တွေ

ရှေတုန်းကထင်​​နေတာက​တော့ လူ​တွေရဲ့ဥာဏ်​ရည်​ထက်​မြတ်​မှုဟာ​မွေးရာပါ​ပေါ့။ တကယ်​​တော့ ဥာဏ်​ရည်​တက်​လာ​အောင်​ အများကြီးလုပ်​ယူလို့ရပါတယ်​။

ဥာဏ်​ရည်​တိုး​စေနိုင်​တဲ့ ဝါသနာတချို့ကတော့ အောက်မှာဖော်ပြထားတဲ့အရာတွေပါ။

ဂီတတူရိယာတီးခတ်​တာက ဆန်းသစ်​တီထွင်​မှု၊ ဘာသာစကားစွမ်း​ရည်​ ၊ သင်္ချာ နဲ့ စဉ်းစားချင့်​ချိန်​တတ်​တဲ့အရည်​အချင်း​တွေကိုတိုး​စေတယ်​။

၂) ဘာ​နေ​နေ ဖတ်​ပါ။

လေ့ကျင့်​ခန်းပုံမှန်​လုပ်​တာက မှတ်​ဥာဏ်​တက်​​စေပြီး ​လေ့လာတဲ့အချိန်​မှာ အာရုံစိုက်​ရတာလွယ်​ကူ​စေတယ်​။

၎)ဘာသာစကားအသစ်​တစ်​ခု​ ​လေ့လာပါ။


၆) တရားထိုင်​ပါ။

လင်း(​ရွှေအင်း​လေး)

လွယ်လွယ်နဲ့ မြန်မြန်ဉာဏ်ရည်တက်ဖို့လုပ်နိုင်တဲ့အရာတွေ

ရှေတုန်းကထင်နေတာကတော့ လူတွေရဲ့ဉာဏ်ရည်ထက်မြတ်မှုဟာမွေးရာပါပေါ့။ တကယ်တော့ ဉာဏ်ရည်တက်လာအောင် အများကြီးလုပ်ယူလိူ့ရပါတယ်။

ဉာဏ်ရည်တိုးစေနိုင်တဲ့ ဝါသနာတချို့ကတော့ အောက်မှာဖော်ပြထားတဲ့အရာတွေပါ။

၁) ဂီတတူရိယာ တစ်ခုခုတီးခတ်ပါ။
ဂီတတူရိယာတီးခတ်တာက ဆန်းသစ်တီထွင်မှု၊ ဘာသာစကားစွမ်းရည် ၊ သချၤာ နဲ့ စဉ်းစားချင့်ချိန်တတ်တဲ့အရည်အချင်းတွေကိုတိုးစေတယ်။

၂) ဘာနေနေ ဖတ်ပါ။
မဂ္ဂဇင်းပဲဖတ်ဖတ်၊ ကြည်အေးဝတ္ထုတွေကိုပဲဖတ်ဖတ် စာဖတ်ခြင်းကရတဲ့အကျိုးတွေကတော့ တူတူပါပဲ။ စာဖတ်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ပေးတယ်။ ဒါဟာ ပြဿ နာဖြေရှင်းတဲ့စွမ်းရည်၊ မတူညီတဲ့ဗဟုသုတတွေကို သိုမှီးထားနိုင်စွမ်း၊ လူတွေရဲ့ခံစားချက်တွေကိုနားလည်နိုင်စွမ်းတွေကိုပါ တိုးတက်စေတယ်။

၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
ရံဖန်ရံခါလေ့ကျင့်ခန်းလုပ်တာကတော့ အကျိုးမထူးပါဘူး။
လေ့ကျင့်ခန်းပုံမှန်လုပ်တာက မှတ်ဉာဏ်တက်စေပြီး လေ့လာတဲ့အချိန်မှာ အာရုံစိုက်ရတာလွယ်ကူစေတယ်။

၄)ဘာသာစကားအသစ်တစ်ခု လေ့လာပါ။
ဘာသာစကားနှစ်မျိုးပြောတဲ့သူတွေက ဘာသာစကားတစ်မျိုးတည်းပြောတဲ့သူထက် ပြဿ နာတွေကိုပိုပြီးဖြေရှင်းနိုင်စွမ်းရှိတယ်လို့ လေ့လာစမ်းသပ်ချက်တွေအရသိရထားတယ်။ ပြီးတော့ အာရုံအရမ်းစိုက်ရတဲ့အလုပ်တွေကိုပိုလုပ်နိုင်စွမ်းရှိတယ်။

၅) ဦးနှောက်ကို အလုပ်ပေးပါ။
ပဟေဠိရှာရတဲ့ကစားနည်း၊ ဗီဒီယိုဂိမ်း၊ ကဒ်ဂိမ်းတွေက ရှူထောင့်အသစ်ကနေကြည့်တတ်အောင်ကူညီပေးတယ်။ ဒါ့အပြင် များများမှတ်မိနိုင်စေပြီး တစ်ခုခုကိုလေ့လာရမှာ မြန်မြန်ဆန်ဆန်တတ်မြှောက်စေတယ်။

၆) တရားထိုင်ပါ။
တရားထိုင်တာက ကိုယ်ခံစားချင်တဲ့အရာကို ကိုယ်ခံစားချင်တဲ့အချိန်မှာ ခံစားနိုင်အောင်လုပ်ပေးနိုင်စွမ်းရှိလို့ ကိုယ်ကိုကိုယ်ထိန်းချုပ်ဖို့လွယ်ကူစေတယ်။

လင်း(ရွှေအင်းလေး)
Ref-http://www.shweinnlay.com/2017/04/blog-post_8.html

Loading...

You might also like More from author

Leave A Reply

Your email address will not be published.